"နင့်ကို ဘယ်လို နားလည်ရမလည်း ..သီသီ...ငါ က ချစ်တဲ့သူနဲ့ လက်ထပ်တဲ့သူ တစ်ယောက်တည်း ဖြစ်ချင်တာ..ဘဝကို တစ်သက်လုံး တူတူ ဖြတ်သန်းချင်လို့ဆုံးဖြတ် ကြိုးစားနေချိန် နင် က တစ်ပတ်အတွင်း လမ်းခွဲမယ်ဆိုတဲ့ စကားမျိုး လေးကြိမ်လောက်ပြောနေတာ ...ငါ ဘာဆက်လုပ်ရမလည်း.." "ဆောရီး..ဆောရီး...ဟုတ်ပါတယ်...သီမှားတာပါ...ချစ်သူဘဝဆိုတော့ စိတ်ရှုပ်လာတိုင်း ဒီစကားကိုပဲ အဆုံးသတ် သုံး နေမိတာပါ...." ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧ "ဒုန်း.." "ဆန်းသော်....နင် ငါ့ပစ္စည်းတွေကို တစ်ခုမှ ထိစရာမလိုဘူးနော်...ဒါ ငါ့အိမ်..နင့်ကို လက်ခံထားတာ ငါ နဲ့ ပတ်သက်နေလို့နော်...အေး..တခြား ကောင်မနဲ့ တွဲချင်တယ်ဆိုရင် တခြားကောင်မ ဆီကို သွားနေ...ယောင်္ကျား အချူမလုပ်ချင်နဲ့..." "ဘာ..." ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧ နင့်အတွက် ငါက မရှိမဖြစ် ခိုင်းလို့ ကောင်းတယ် ဆိုရင် ဒီထက် အသိအမှတ်ပြု တန်ဖိုးထားခဲ့သင့်တယ်...သီသီရယ်...။