" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော" "အရာရာတိုင်း ကွဲပြားခြားနားနေတယ်...ငါ့ဘဝကို နားမလည်နိုင်တဲ့ ယောက်ျားမျိုးနဲ့ လက်မတွဲချင်ဘူး...အစိုးရ၀န်ထမ်း တစ်ယောက် ၊ ကျောင်းဆရာမ တစ်ယောက်ရဲ့ ဘ၀ကို မိသားစု၀င်တွေတောင် နားလည်ကြတာ မဟုတ်ဘူး ..... ဆရာမချင်း တူရင်တောင် မူလတန်းပြ ဆရာမ မှ မူလတန်းပြ ဆရာမ ဘ၀ကို နားလည်နိုင်တာပါ....အသက်အရွယ်က ကွာခြားလွန်းတဲ့ အပြင် အချင်းချင်း နားလည် သိတက်မှု တွေ လေးစားလိုက်နာ မှုတွေပါ မရှိနိုင်ရင် အိမ်ထောင်ရေးက နှစ်ယောက်စလုံးအတွက် အကျဉ်းထောင် ဖြစ်သွားလိမ့်မယ် နိုနို" ☆...☆...☆...☆...☆...☆...☆...☆...☆...☆...☆ အချစ် အကြောင်းကို စာဖွဲ့ပြီး ပြောနေကြတော့ ရယ်ချင်လိုက်တာ အထွေးရာ...။ အချစ်ဦး ကို မူကြို အဆင့်ကတည်းက ရှာတွေ့တဲ့ ကောင်မို့ နာကျင်ပူလောင