ကျွန်မအချစ်ဆိုတာကိုသူမနဲ့မတွေ့ခင်ကတည်းကသိခဲ့ ခံစားဖူးခဲ့သင့်တာပေါ့။တစ်ချိန်ချိန်မှာအချစ်ကိုဒီလိုပုံစံမျိုးနဲ့တွေ့ရလိမ့်မယ်လို့ကျွန်မဘယ်တုန်းကမှ ဟင့်အင်းအိမ်မက်ထဲမှာတောင်မှမတွေးခဲ့မိဘူး။အခုတော့ သူမ။သူမကြောင့်ကျွန်မတစ်ခါမှမခံစားဖူးတဲ့စိတ်ခံစားမှုမျိုး သာမန်အထိအတွေ့မျိုးတွေကိုတောင်မှကျွန်မရင်ထဲမှာမုန်တိုင်းမိတဲ့သစ်ပင်လိုမျိုးယိမ်းထိုးနေတဲ့ခံစားချက်တွေ။အိုးးးးးသူမကကျွန်မရဲ့ဘဝထဲကိုတည်ငြိမ်နေတဲ့ကန်ရေပြင်ပေါ်ခဲတစ်လုံးပစ်လိုက်သလိုဝင်ရောက်လာခဲ့သူ။ကန်ရေပြင်ကတော့တစ်ချိန်မှာပြန်တည်ငြိမ်သွားနိုင်ပေမယ့်ကျွန်မနှလုံးသားထဲဝင်ရောက်လာတဲ့လှိုင်းဂယက်လေးတွေကတော့ကျွန်မနှလုံးခုန်သံနဲ့ထပ်တူကျလို့။All Rights Reserved