ဒီစာအုပ်လေးကို ဘာသာပြန်ဖို့ စဥ်းစားမိတာ ကိုယ်တိုင် အလုပ်သင်ဆရာဝန်အဖြစ် ဂျူတီ စဆင်းတဲ့အချိန်မှာပါ။ တကယ်တော့ ဘာသာပြန်တယ်ဆိုတာထက် ကိုယ်ဖတ်ပြီးတဲ့ စာအုပ်တစ်အုပ်ကို သူများတွေ ဖတ်ရအောင် မျှဝေချင်တာပါ။ မူရင်းစာရေးဆရာရဲ့ အာဘော်ကို မမိပါက ဘာသာပြန်တဲ့ ကိုယ် ညံ့လို့သာ ဖြစ်ပါကြောင်း ဝန်ခံအပ်ပါတယ်။ :) ဘယ်နိုင်ငံမှာပဲရောက်ရောက် ကိုယ်တို့ကြုံတွေ့ရတဲ့ အခက်အခဲတွေကတော့ ခပ်ဆင်ဆင်ပါပဲ။ ကြီးနိုင်ငယ်ညှဥ်းလုပ်ခံရတာ၊ လစာနည်းတာ၊ အလုပ်ချိန်မတန်မဆခိုင်းချင်တာ ... စတဲ့ ဒီလိုပြဿနာတွေဟာ ကိုယ်တို့ အားကျလှချည့်ဆိုတဲ့ NHS မှာတောင် ရှိပါသတဲ့။ တကယ်တော့ ဆရာဝန်တွေ ဘယ်လိုခံစားနေရတယ်၊ ဘာတွေလုပ်နေရတယ်ဆိုတာ အပြင်လူတွေက သိပ်မသိကြပါဘူး။ နိုင်ငံရေးသမားတွေရဲ့ မဲရလိုမှုတစ်ခုတည်းနဲ့ အသုံးချခံဖြစ်နေရတဲ့ ဆရာဝန်ငယ်တွေအတွက် သူ့ရဲ့ ဒိုင်ယာရီစာအုAll Rights Reserved