ကြယ်စင်တို့ ခစားစေ/ ကြယ်စင်တို့ ခစားစေ ~~~~~~~~~~~~~~~~~~~~~~~~ ထိုဝိဉာဉ်ရှင် မည်သူလဲ သူ သိချင်မိသည်။ သူမအပေါ် သူဘာကြောင့် မဖော်ပြတတ်အောင် ကျွမ်းဝင် နှစ်လိုနေမိသလဲ သူ သိချင်လှပြီ။ . . . သူ ပိုပြီး နားမလည်နိုင်အောင် ဖြစ်ရတာက - သူ့ ကျင့်ကြံသက်တမ်း နှစ်တစ်သောင်းလုံးလုံး သူမကို တစ်စွန်းတစ်စကလေးမျှ မတွေ့ဖူးခဲ့ခြင်း။ သူမ အရင်တုန်းက သူ့ရှေ့ကို ရောက်မလာခဲ့ဖူးသည့်ပမာ။ ဤကမ္ဘာလောက၏ ချောင်ကလေးတစ်နေရာမှာမှ သူမ မတည်ရှိခဲ့ဖူးသည့်အလား။ သူ့လက်မရှိ ကျောက်စိမ်းလက်စွပ်ကို လှည့်တွန်း ကစားရင်း ရှဲ့ဖေး ပြုံးလိုက်သည်။ သူတို့ ထပ်တွေ့ဆုံးဦးမည်ဟု သူ ခံစားနေရသည်။ ထပ်တွေ့တော့မှ သူမကို အမိအရ ဖမ်းထားလိုက်တော့မည်။All Rights Reserved