ဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတရားအသတ်ခံလိုက်ရသည့် ရုပ်ရှင်ဧကရာဇ် တိချိုးဟယ်ကို ဓာတ်ပုံရိုက်မိသွားလေ၏။ ရဲစခန်းကို ဓာတ်ပုံသက်သေ သွားတင်သွင်းသည့်အချိန်မှာတော့ ဘယ်လိုက ဘယ်လိုဖြစ်မှန်းမသိ သူ အရင်အချိန်တွေဆီ ပြန်ရောက်လာလေသည်။ ဟောပိုင် : ကျွန်တော့်မှာ နှိပ်စက်မဲ့ ဆွေမျိုးတွေလဲ မရှိဘူးလေ .. ဘာလို့ ကျွန်တော် ပြန်ရောက်လာတာလဲ တိချိုးဟယ် : ကိုယ့်မှာ ရှိတယ်လေ ဟောပိုင် : ကျွန်တော့်ကို သစ္စာဖောက်မဲ့ အနှောင့်အယှက်ပေးမဲ့သူလဲ တစ်ယောက်မှ မရှိဘူး.. ဘာလို့ ကျွန်တော် ပြန်ရောက်လာရတာလဲ တိချိုးဟယ် : ကိုယ့်မှာရှိနေလို့လေ ဟောပိုင် : အခုမှ ပိုက်ဆံလေးနည်းနည်းအဆင်ပြေလို့ ကောင်းကောင်းစား ကောင်းကောင်းနေမယ်ကြံရုံရှAll Rights Reserved