Sorry ပဲဗျာ ကျွန်တော်ဟာ မိန်းမ မဆန်တဲ့ မိန်းမတစ်ယောက်ဗျ။ နာရီကြိုက်တဲ့ ကျွန်တော်ဟာ Fancyအလှနာရီတွေထက် ကြာရှည်ခံပြီး Qualityကောင်းတဲ့ နာရီတစ်လုံးကိုပဲ ပိုကြိုက်၊ ပိုမြတ်နိုးတယ်ဗျ။ ပန်းကြိုက်တတ်လား ဟုတ်လား? ကြိုက်တာပေါ့၊ ပန်းမကြိုက်တဲ့ မိန်းကလေး ဘယ်မှာရှိလို့လဲဗျ၊ ခေါင်းမှာပန်းလေးတွေဝေနေအောင် ပန်ရတာထက် ကျွန်တော်ကလေ ပန်းလေးတွေကိုရေလောင်းပေါင်းသင်ပြီး အဲပန်းလေး ဖူးလာသည်ကနေ ပွင့်ပြီးကြွေကြသည်အထိ စောင့်ကြည့်နေချင်သူဗျ။ ခင်ဗျား ကျွန်တော်ကို နားမလည်ဘူးမလား? ဒါပေမဲ့ ကျွန်တော်ဟာ မိန်းမမပီသပေမဲ့ တန်ဖိုးရှိတဲ့မိန်းမတစ်ယောက်ဖြစ်အောင် ကြိုးစားသင်ယူနေသူဆိုတာ ခင်ဗျားမမေ့ပါနဲ့ ကျွန်တော်ကို နားလည်အောင်အရမ်းမကြိုးစားပါနဲ့ ခင်ဗျားနားလည်ဖို့လည်း ဆုမတောင်းပါဘူး လူဆိုတာ မိမိကိုယ်ကို မချစ်တတ်ပဲ သူတပါးကိုချစ်ချင်ကြတယ်လေ လူAll Rights Reserved