လင်းဟာ ကိုယ့်ဝိဉာဥ်တွေ ကွန်းခိုရာ၊ ကိုယ့်စိတ်တွေ နွေးထွေးရာ၊ ကိုယ့်ရဲ့ ချစ်မြတ်နိုးရာသော ဇာတ်ကောင်ပဲ။ လင်းကို ဖြူဖျော့၊ ပါးလျ၊ နူးညံ့၊ သိမ်မွေ့၊ စိတ်ကူးယဥ်တတ်တဲ့ ရောဂါသည် ကောင်မလေးအနေနဲ့ သရုပ်ဖော်တယ်။ မှတ်ဉာဏ်တွေ၊ အတိတ်တွေကို ရောက်တတ်ရာရာ မဟုတ်ပဲ စနစ်တကျ တစ်ရစ်ချင်း ဆွဲထုတ်တဲ့အခါ လင်းကိုရတယ်။ သုံးပွင့်ဆိုင်လို့ နာမည်တပ်ရမှာ ရင့်သီးလွန်းပါတယ်။ လင်းကို ချစ်တဲ့သူတွေ၊ လင်းက ချစ်တဲ့သူ။ မကြာခင်အချိန်မှာ ထွက်သွားရမယ့်လင်းဟာ သူချစ်ရတဲ့သူကို ပြန်တွေ့နိုင်မလား။ လင်းကို ပုံဖော်ရင်း စကားလုံးတွေ ပျောက်ရှသွားတဲ့အခါ (သို့ ) ဒီမှတ်ဉာဏ်အပိုင်းအစတွေကြား ခြေရာကောက်မရတဲ့အခါ ချောင်တခုခုမှာ ငြိမ်နေရတယ်။ စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ဘာတွေရှိတတ်ပါသလဲ။ ကိုယ်မသိ။ ဆရာရယ်၊ လင်းရယ်၊ သူရယ်။ လင်း သူ့အချစ်ကိုရခဲ့ရဲ့လား။
4 parts