Translator - @No_Coz ရှေးဦး သမိုင်းမတင်ခင်ကတည်းကပေါ့၊ ထျန်းယွမ်နှစ် ၂၀၀,၀၀၀ မြောက်မှာ ပန်းနတ်ဘုရားမ ဇီဖန်းဟာ သမီးကညာတစ်ပါးမွေးဖွားခဲ့တယ်။ မွေးဖွားပြီးချင်းချင်း သူမ စုတေသွားခဲ့တယ်။ သူမ မသေလွန်မီ သမီးငယ်ကို "ခံစားချက်မဲ့"ဆေးလုံးကျွေးတိုက်ခဲ့ပြီး သူမရဲ့ ငယ်သားတွေကို သမီးတော်ဖွားမြင်တဲ့ကိစ္စ လောကကို အသိမပေးဖို့ မှာကြားခဲ့တယ်။ ပြီးတော့ သူမကို ရွှေကျင်းထဲမှာ နှစ်တစ်သောင်း ပိတ်လှောင်ထားဖို့ရောပေါ့။ အဲ့ဒီ့မိန်းကလေးနာမည်က ကျင့်မီ. . .။ နှစ်ပေါင်း လေးထောင်အကြာ ကောင်းကင်မင်းကြီးရဲ့ ဒုတိယသားတော် မီးနတ်ဘုရား ရွှီဖုန်းဟာ တစ်စုံတစ်ယောက်ရဲ့ ထောင်ချောက်ကြောင့် ရွှေကျင်းဆိုတဲ့နေရာကို လမ်းမှား ရောက်လာခဲ့တယ်။ သူ့ကို ဘာမှ မသိနားမလည်သူ ကျင့်မီက ကယ်တင်ခဲ့တယ်။ အတူတူ နှစ်တစ်ရာလောက် နေခဲ့ပြီးတဲ့နောက်တော့ မီးနတ်ဟာ ကျင့်မီအပေါ် သံယောAll Rights Reserved