Unicode ❤️
"ရှောင်းကျန့်!!!"
"..."
"ရှောင်းကျန့်!!!!"
ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
"ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~"
"ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~ အခုဆင်းလာခဲ့နော်~ ဟုတ်ပြီလား?"
ရှောင်းကျန့်ခေါင်းခါရင်း မျက်လုံးမှိတ်လိုက်သည်။ တံတားပေါ်မှာ ရပ်နေတာမို့ သူ့မျက်နှာကို လေပြင်းတွေအကြမ်းပတမ်းလာတိုက်ခတ်နေသည်။ အရင်ပုံစံမျိုးနဲ့ဆို သူ့အဖိုးတန်မျက်နှာကိုမှ လာတိုက်ရသလားဆိုပြီး လေနတ်မင်းကြီးကိုတောင် တရားစွဲလိုက်ချင်ပေမဲ့ အခု သူဘာမှကိုမလုပ်ချင်တော့~ အကုန်လုံးကို လက်မြောက်အရှုံးပေးလိုက်ချင်သည်။
လွတ်မြောက်ခြင်း~
ဟုတ်သည်။ သူ...လွတ်မြောက်ခြင်းကိုလိုအပ်နေသည်။ သေရမှာကြောက်ပေမဲ့ မျက်လုံးတွေမှိတ်ထားသည်မို့ သူ့စိတ်တွေ လွတ်လပ်ပေTodos los derechos reservados