အိမ်ရှေ့စံက ဖခင်ဘုရင်မင်းမြတ်ရဲ့ သဘောဆန္ဒအတိုင်း ထူးဆန်းတဲ့မျိုးနွယ်မှဆင်းသက်လာတဲ့ ယောကျာ်းတစ်ယောက်ကို လက်ထပ်ယူခဲ့ရတာပါ။ အချစ်မပါပဲ အတူတူပညာသင်ကြားခဲ့စဉ်က ရရှိခဲ့တဲ့ သံယောဇဉ်တစ်ခုကို အခြေပြုဖို့ကြိုးစားနေရင်းနဲ့ပဲ တစ်ဖက်တိုင်းပြည်က မင်းသမီးကို ကြိုက်နှစ်သက်ကာ တော်ဝင်ဧကရီအား ပစ်ပယ်ထားခဲ့တယ်။ သူ့ကိုတစ်ကယ်ချစ်ခဲ့တဲ့သူကဘယ်သူလဲဆိုတာ အချိန်အကြာကြီးမသိပါပဲနဲ့ မထင်မှတ်တဲ့အချိန်မှာ ပေါ်ပေါက်လာခဲ့တဲ့ ရင်ခုန်သံကိုရော သူလက်ခံပါ့မလား ........................ တရုတ်ရှေးပုံစံကို ပထမဆုံးရေးသားခြင်းပါ စာအုပ်ထဲမှာပါဝင်သော နာမည်များ နေရာဒေသများက ကိုယ်တိုင်ရေးသားထားတာဖြစ်တဲ့အတွက် ဖတ်ရတာထောက်များနေခဲ့ရင် တောင်းပန်ပါတယ် ဘာသာပြန်လုံးဝမဟုတ်ပါဘူးနော် Own Creation လေးပါ ကြိုက်နှစ်သက်ဖို့မျော်လင့်ပါတယ်All Rights Reserved