(Zaw+Uni) 'ဦး' ကလေ အရမ်း.... အရမ်း.... ဘယ်လိုပြောရမလဲ... 'ဦး' ရဲ့ ခပ်နက်နက် စိုက်ကြည့်တတ်တဲ့ ကျွန်တော်တစ်ယောက်ထဲ အတွက် သီးသန့်အကြည့် ကို အဓိပ္ပါယ်ဖွင့်ရရင်တော့ မတူမတန်သလို... ရွံရှာသလို... ဒီလူကို နောင်ဘယ်တော့မှ မတွေ့ချင်ပါ လို့ ဆုတောင်းတဲ့ မုန်းအားပြင်းအကြည့်တွေ...ပေါ့...။ ဥပမာဗျာ.... ခုနှစ်ဆောင်နန်းက ပပဝတီ က မင်းကုသ ကို ရွံမုန်းသလိုမျိုးပေါ့..... ဒါပေမယ့်... အဲ့ဒီဇာတ်လမ်းလေးမှာ... ဇာတ်သိမ်းက ဘယ်လိုဆိုတာ အားလုံးသိတယ်...ဟုတ်..။ ပြောရရင်.... ကျနော့်ရဲ့...'ဦး' က ပပဝတီ မဟုတ်သလို... ကျနော် ကလည်း မင်းကုသ မဟုတ်ပေမယ့်.... ဇာတ်လမ်းဆုံးရင်တော့... 'ဦး' ဟာ... ကျနော့်ရင်ခွင်ထဲ ရောက်ရမှာပါပဲ....။All Rights Reserved