လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
162 parts Ongoing သက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။
ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်းလာကာ နေကို ထိုးစိုက်သွားခဲ့ပြီး ကမ္ဘာ မြေတစ်လွှား ပြင်းထန်သော အငွေ့အသက်များ ဖြစ် တည်လာခဲ့၏။
ဓားအိမ်က ဟောင်းနွမ်းနေခဲ့ခြင်းကြောင့် ဖြစ်လိမ့် မည်။ ဓားကြီးက နေဝန်းကြီးကို စိုက်ဝင်သွားခဲ့ရာတွင် ဓားအိမ်မှ မရေမတွက်နိုင်သော အကျိုးအပဲ့များ ထွက်ပေါ်လာကာ စကြဝဋ္ဌာတစ်ခွင် လွင့်ပျံသွားခဲ့လေ သည်။ ထိုအကျိုးအပဲ့လေးများသည် ကမ္ဘာမြေ အနှံ့အပြားသို့ ကျရောက်လာခဲ့၏။
ကြေးညိုရောင်ဓားကြီးနှင့် ၎င်း၏ဓားအိမ်အကျိုးအပဲ့ များ ရောက်ရှိလာခဲ့ခြင်းကြောင့် ကမ္ဘာမြေပေါ်တွင် အဆုံးအစမ