အဲ့ဒီနေ့က ဝေဝဲ့ကျီစယ် တိုက်ခတ်ခဲ့တဲ့ လေစိမ်းတွေကို မုန်းခဲ့မိတယ် ဘာကြောင့်ဆိုတော့ ဝေးဖြစ်ခဲ့အောင် တိုက်ခတ်ခဲ့တဲ့ လေစိမ်းတွေမို့ လွမ်းလွန်းလို့တောင် လွမ်းခွင့်မရှိ ဆွေးလွန်းလို့တောင် ဆွေးခွင့်မရှိ ရံဖန်ရံခါ တိုက်ဆိုင်မှုတွေ ဖန်လာပြန်တော့ တိတ်တခိုးလေး ခိုးလွမ်းမိတယ် ဝေးကွာသွားအောင် လုပ်ပစ်ခဲ့တဲ့ ကံကြမ္မာကို ခုချိန်မှာတော့ အပြစ်မြင်ဆဲ ချီးကျုးမိချင် ကျေးဇူးတင်ကြောင်း ပြောချင်မိတယ်။ နှင်းဝေဆောင်း(ပထဝီဝင်)