မထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွားရင်တော့ အဖြူထည်စာရွက်လေးက ဆေးတွေကို ပြန်ဖျက်လို့မရပဲ စွန်းထင်းသွားမည်။ ဖျက်မရတဲ့ ဆေးသားကို ပန်းချီဆရာကြီးက တမင်ပဲ ဆေးမှားခြယ်မိတာလား ဒါမှမဟုတ် မတော်တဆ ခြယ်သမိတာလားဆိုတာကတော့ ရေးဆွဲသူ စုတ်တံလေးရဲ့ ပဲ့ကိုက်ရှင် ပန်းချီဆရာသာအသိဆုံး ဖြစ်မည်ထင်သည်။ ဘယ်လိုပဲ ဖြစ်နေပါစေ အဖြူရောင်စာရွတ်လေးကတော့ ချွတ်မရတဲ့ မှားယွင်းသော ဆေးသားတို့ သွန်းထင် ခဲ့ရသည်။ ဒါ့အတွက် ပန်းချီဆရာကြီးက ဘာများပြန် ပေးဆပ်ပါမလဲ။ August -20ရက်,2020 ခုနှစ် Wattpat တွင် စတင်ရေးသားခဲ့ပါသည်။All Rights Reserved