" မြင်းအုန်းခွံ ၊ ကျွန်ကုလား ၊ မယားတောသူ ဆိုတဲ့စကား မင်းမကြားဖူးဘူးလား.. " " ဟာ မားရာ.. ရှင်လေးက ဒိတ်အောက်တာကြီး မကြိုက်ပါဘူး " . " ဒီမှာ မင်း ဂုဏ်မာန်တက်မနေနဲ့နော်.. မင်းလို ရုပ်ဆိုးကို မားကြောင့်မို့ လက်ခံလိုက်ရတာ " " ယဉ်အေး ကိုယ့်အကြောင်း ကိုယ်သိပါတယ်.. ကိုရှင်လေး " . " မင်းဘာမှ ပြောစရာမရှိဘူးလား.. " " ယဉ်အေးမှာ ဘာပြောစရာရှိရဦးမှာလဲ ကိုရှင်လေး.. ကိုရှင်လေး လောက ကိုရှင်လေး အသိုင်းအဝိုင်းမှာ ချောမောလှပတဲ့ မိန်းမချော မိန်းမလှတွေ အများကြီး ပါ.. ဒီလိုအချောမောတွေ ဝန်းရံနေတာကို ယောကျာ်း ဖြစ်တဲ့သူတိုင်း ရင်ခုန်လှုပ်ရှား သဘောကျ ကြတာ သဘာဝပါ.. ကိုရှင်လေး လည်း ယောကျာ်းသားပဲ " . အစကတော့ ဒီမိန်းမ ထူးထူးခြားခြား ဘာမှမရှိဘူး.. ရိုးရိုးကြီးလို့ ထင်ခဲ့ပေမယ့် တဖြေးဖြေး နီးကပ်သွားရလေ နားလည်ရခက်တဲ့ မိန်းမတစ်ယောက် ၊ အဓိပ္ပာယ် တွေနဲ့ ပြည့်နေတဲ့ မိန်All Rights Reserved