ဖခင်ဖြစ်သူ ကား accident ဖြစ်ပြီးဆုံးပါးသွား၍မိခင်ဖြစ်သူနှင့်ဘဝကိုခက်ခဲစွာရုန်းကန်နေရတဲ့အင်ဂျင်နီယာ ကျောင်းသားလေး ပြည်ချမ်းအေး....... မိမိခင်ပွန်း၏နှလုံးအစားထိုး အချိန်မီကုသနိုင်ခဲ့၍ ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် ကျန်ရစ်သူကျေးဇူးရှင်၏ဇနီးနှင့်သားကိုမိမိပိုင်မွေးမြူရေးနဲ့သစ်တောလုပ်ငန်းမှရှယ်ယာ 50ရာခိုင်နှုန်းပေးခဲ့သည့် ဒေါ်နန်းဧရာလင်း......... ဦးလေးဖြစ်သူ ပရင်၏သွေးထိုးမှုကြောင့် ပြည်ချမ်းအေးကိုမမြင်ဖူးခင်ကတည်းကမုန်းတီးနေပါသော မင်းရှင်ဓန ခေါ် မာခ်......... "ကျွန်တော်ခင်ဗျားကိုရှင်းရှင်းလင်းပြောပြီးသား ကိုမင်းရှင်ဓန ။ကျွန်တော်ကျောင်းပြီးတဲ့အထိပဲဒီမှာနေမှာ။ပြီးတာနဲ့မြန်မာပြည်တန်းပြန်မှာ။ခင်ဗျားအမေရဲ့ရှယ်ယာတစ်စိလေးတောင်ကျွန်တော်မမက်ဘူး။".....