12 parts Ongoing ပင်လယ်ရေမျက်နှာပြင်အထက် ၅၆၆၇ ပေ ၌တည်ရှိသော ဤတဲဒင်မ် (တီးတိန်) ရွာကြီး တွင် စာရေးစာဖတ်နိုင်သူ မှာ အယောက် ၂၀၀
ပင်မပြည့်ချေ။ အများစုမှာ မူလတန်းပြီး အလယ်တန်း ၅တန်း ၆ တန်း ရောက်သည်နှင့် လေးခွ ကိုင်ကာ တောထဲဝင်
ငှက်ပစ်တော့သည်။ ဒါတောင် အတော်လေး ပညာတက်သည်ဟု ဆိုရမည် ။ တစ်ချို့ သေစာရှင်စာ တက်သည်နှင့်
ကျောင်းထွက်ကာ မိဘ အလုပ် ကူ သူ က ကူ ၊ တောင်ယာ အငှါးလိုက်သူ က လိုက်၊
အမဲပစ် သူ က ပစ်နှင့်
စာသင်ခန်းထဲမှ ပန်းပွင့်လေးများမှာ တစ်ပွင့်စီ တစ်ပွင့်စီ ဘဝမြူထဲ တိုးဝင်
ကြရတော့သည်။
သည်မြူထုကြီး တစ်ဖြေးဖြေး ကွဲလာဖို့
နေမင်းသစ်တို့ရန်ရှင်းတို့
အနောက်မြောက် လေ ကို အံတုရင်း၊
သွေးခဲမတက်အအေးဓာတ်ကို မေတ္တာ ဖြင့် ဖျော်စေရင်း ၊ ပန်းပွင့်လေးတွေ ကို
နေခြည်ခစေရပါဦးမည်။
Time based 2005
Zawgyi