[ Unicode ]
Maple ရေ. . .
တစ်ရံရောခါက
ရွက်ခြောက်ကလေးတွေတောင်
စာအုပ်ကြားထဲ အရောင်ပြယ်ခဲ့ပြီ ။
မင်းနင်းခဲ့တဲ့ လိမ္မော်ရောင်လမ်းမှာ. . .
ခြေရာခေါ်သံတွေ နှစ်ဆောင်ပြိုင်လို့. . .
မင်းပုန်းခဲ့တဲ့ ပင်စည်ငယ်လေးတွေ
အရွယ်ရောက်လို့ အရိပ်ဆောင်ခဲ့ပြီ ။
ရင်ခွင်အစုံမှာ လည်ပတ်လို့ဝတဲ့တစ်နေ့. ,
မင်းနားခိုဖူးတဲ့ မောင့်ရင်ခွင်ဆီ. . .
မင်း စုံမက်ဖူးတဲ့ မောင့်နှလုံးသားဆီ. . .
မင်း နှမြောခဲ့ဖူးတဲ့ မောင့်လိုလူဆီ. . .
မောင့်မေပယ်လ်လေး
ပြန်လာပါတော့ကွယ် ။
_______________
_______________
( Zawgyi )
Maple ေရ. . .
တစ္ရံေရာခါက
ရြက္ေျခာက္ကေလးေတြေတာင္
စာအုပ္ျကားထဲ အေရာင္ျပယ္ခဲ့ျပီ ။
မင္းနင္းခဲ့တဲ့ လိေမၼာ္ေရာင္လမ္းမွာ. . .
ေျခရာေခၚသံေတြ ႏွစ္ေဆာင္ျပိဳင္လို႕. . .
မင္းပုန္းခဲ့တဲ့ ပင္စည္ငယ္ေလးေတြ
အရြယ္ေရာက္လို႕ အရိပ္ေဆာင္ခဲ့ျပီ ။
ရင္ခြင္အစံုမွာ လည္ပတ္လို႕ဝတဲ့တစ္ေန႕. ,
မင္းနားခိုဖူးတဲ့ ေမာAll Rights Reserved