ခါတိုင်းလိုပဲ သူဟာ ပုဆိုးကိုခြေမျက်စိထိခပ်ရှည်ရှည်ဝတ်ထားတယ် ခါတိုင်းလိုပဲ သန့်ပြန့်နေတဲ့ လည်ကတုံးအဖြူရောင်နဲ့ ခါတိုင်းလိုပဲနူးညံ့တဲ့မျက်ဝန်းအစုံတွေနဲ့ ခါတိုင်းလိုပဲ ပါးချိုင့်လေးပေါ်သည်အထိပြုံးတက်တဲ့အပြုံးတွေနဲ့ပါပဲ ဒါပေမဲ့အကြီးမားဆုံးပြောင်းလဲမှုက ဒါတွေအားလုံးကဟေသာအတွက်မဟုတ်တော့တာတစ်ခုပဲ သူ့ဘေးမှာရှိနေတဲ့ခပ်ငယ်ငယ်ကောင်မလေးအတွက်ဖြစ်သွားပြီလား ဒါသူ့ရဲ့သတို့သမီးလေးဆိုတာလား