လောကမှာ ဖြစ်ချင်တာ ဖြစ်ခွင့်ရှိကြသလို ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်မရှိတဲ့သူတွေလည်းရှိတယ်... လောက နိယာမကို ဆန့်ကျင်ပြီး နေနိုင်ကြတဲ့လူရှိသလို....အဲ့လိုလုပ်လို့မရတဲ့လူလည်းရှိတယ် ဆန္ဒကိုဖော်ထုတ်ပြီး ဘဝကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့လူရှိသလို... မျိုသိပ်ထားရတဲ့သူတွေလည်းရှိတယ်... အဲ့ဒီလူတွေထဲမှာ မင်းက ချို့ယွင်းချက်နည်းနည်းမှတောင် ရှိလို့မဖြစ်တဲ့လူ...ပြစ်ချက်ကင်းနေရမဲ့လူ...လူအားလုံးရဲ့ စံပြ အားထားရတဲ့လူ...ပင်ပန်းရင်တောင် ထုတ်ပြလို့မဖြစ်တဲ့လူ အဲ့အတွက် တောင်းပန်ပါတယ် ပင်ပန်းစေခဲ့မိပြီ....