မျှော်ကာမှန်းရည်..အိမ်ပြန်လမ်းဆီ(Completed)
27 parts Ongoing လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ခန့်က
လနတ်သမီး နှင့်အခြွေအရံများသည်
ဤနှင်းတောင်တန်းသို့လာရောက်ပျော်မြူးကြရာ
ထိုဒေသရှိနတ်ရေကန်မှရေကိုသောက်သုံးမိကြလေသည်။
ထိုနောက်..
နတ်ပြည်သို့ပြန်ရောက်ပြီးမကြာခင်ကိုယ်ဝန်ရှိကုန်ကြပါသတဲ့
ထို့ကြောင့် နတ်ပြည်မှတိတ်တဆိတ်ထွက်ခွာလာပြီးနောက်
ဤဒေသတွင်နန်းစိုက်နေထိုင်ရာမှမိန်းမလှတိုင်းပြည်ဖြစ်တည်လာခြင်းဖြစ်သည်။
ထိုအကြောင်းကို ကောင်းကင်မင်းကြီးသိတော်မူသောအခါ
လွန်စွာအမျက်ထွက်တော်မူသဖြင့်
လနတ်သမီးအား ကြီးစွာသောအပြစ်ဒဏ်ချမှတ်လေ၏။