ဒီတလော လူကအားနေပေမယ့် စိတ်တွေမအားဘူး အချိန်အများစုမှာ စိတ်မကောင်းဖြစ်စရာတွေပဲ ဖြစ်နေတယ် ဘာလုပ်လို့လုပ်ရမှန်းလဲမသိ အကြောင်းအရာတွေအများကြီးသိရတယ် ဘယ်ဟာအမှားလဲ ဘယ်ဟာကအမှန်လည်းတော်တော် မသိအောင်ရှုတ်ထွေးနေတယ် ဘာလုပ်ရင်အမှန်ဖြစ်မလဲ အားလုံးအတွက် ကောင်းမလဲ စဉ်းစားမိတယ် တခါတလေ ပေါ့စေလိုလိုကြောင်ရုပ်ထိုး ဆေးအတွက်ပိုလေးဆိုသလိုဖြစ်မှာ စိုးမိတယ် ကိုယ့်ဆန္ဒကိုပဲအဓိကဖော်ထုတ်ဖြစ်တယ် သူများကိုဘာလုပ်ပါ ညာလုပ်ပါလည်း မပြောဖြစ်ပါဘူး ကိုယ့်အသိဆန္ဒနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ဆောင်နေကြတာဆိုတော့ အဓိက ကိုယ်ပိုင်တာကိုယ့်စိတ်ကလေးကိုပဲ ဘယ်လိုထိန်းကျောင်းရမလဲ ဘယ်လိုရှေ့ဆက်သွားမလဲ အားလုံးရင်ထဲမှာ စိုးရိမ်ပူပင်မှုတွေအပြည့်နဲ့လို့ ကိုယ်ချင်းစာမိတယ်