"ကျွန်တော်တို့တွေဟာ ဘဝကို မပိုင်ဘူး၊ ဒုက္ခကို မပိုင်ဘူး၊ သုခကို မပိုင်ဘူး၊ အချစ်ကို မပိုင်ဘူး၊ အမုန်းကို မပိုင်ဘူး၊ သံသရာကို မပိုင်ဘူးဆိုပေမယ့် အခု ဒီအခိုက်အတန့်မှာတော့ ဆရာ့ရဲ့ အကြင်နာတွေ၊ မေတ္တာတွေကို ကျွန်တော်နဲ့ ဆိုင်စေ့ချင်တယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်တဲ့ ဘဝမှာ ဒီလိုတွေ ဆိုင်စေချင်နေတာကလည်း အခက်သားလားနော်။ ကျွန်တော့်မှာ အောင့်အည်းသည်းခံနိုင်စွမ်းတွေ မရှိလို့ ဒီလိုစကားပြောရတာပါ ကိုယ့်ဆရာရယ်။ ဘာဆိုဘာမှ မပိုင်တဲ့လောကမှာ ကျွန်တော်တို့တွေ တစ်ဦးရဲ့ နွေးထွေးမှုကို တစ်ဦးဆီမှာ စီးဆင်းစေရင်း ဆိုင်ကြည့်ကြရအောင်ပါဗျာ။"
1 part