ခပ်ယဲ့ယဲ့ဝိညာဉ်လေးတစ်ခုပါ နာကျင်နေဆဲ နှလုံးသားနဲ့လူပါ သံယောဇဉ်ပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကသာ ချည်ပြီး ရစ်ပတ်ထုံးဖွဲ့မှုမရှိသော အခြားဖက်များစွာကို တွယ်နှောင်ရသူပါ နာကျင်မှုဆို ထုပ်ပိုးသိမ်းဆည်း ပျော်ရွှင်စရာသာ ဝေမျှချင်တာပါ...။ ခပ်ယဲ့ယဲ့ဝိညာဉ်လေးတစ်ခုပါ ခိုနားရာပျောက်ဆုံးနေတဲ့ လေလွင့်ဝိညာဉ်လေးတစ်ခုပါ နွေးထွေးမှုငတ်မွတ်နေတဲ့ အေးခဲလုလု ဝိညာဉ်လေးတစ်ခုပါ မီးအိမ်ရှင်ကင်းမဲ့တဲ့ ဥပေက္ခာရပ်ဝန် းထဲမှာပါ...။ ထွေးပွေ့မြတ်နိုးသူမရှိရင် အချိန်မရွေး ကြွေလွင့်သွားနိုင်တဲ့ ခပ်ယဲ့ယဲ့ဝိညာဉ်လေးတစ်ခုပါ...။Bảo Lưu Mọi Quyền