လူတစ်ယောက်ကို နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း ချစ်မိလိုက်ပြီဆိုရင် . . . ကိုယ့်ရဲ့ဘေးမှာ ဘယ်လောက်ပဲ များပြားလှတဲ့ အချစ်တွေရှိနေပါစေ. . . ထိုလူသားကို ချစ်တဲ့အချစ်နဲ့ နှိုင်းယှဉ်လိုက်ရင်. . . ကောင်ကင်ကြီးလို မကျယ်ပြန့်တော့သလို. . . ပင်လယ်ကြီးလိုလည်း မစီးဆင်းတော့ဘူး. . . တောင်တန်းကြီးတွေလိုပဲ အခိုင်အမာခြေကုပ်ပြီးတည်ငြိမ်နေတတ်တယ်. . . တကယ်လို့ သင်က အဲ့အချစ်ကို ပျောက်ကွယ်သွားစေချင်ရင်တော့ လည်ပတ်နေကမ္ဘာကြီး ရပ်တန့်သွားတဲ့အထိတော့ စောင့်ရလိမ့်မယ်. . .။