အိုသစ်ရွက်တွေ ကြွေတဲ့နွေ ကို့အသည်းတွေလည်း တဖြုတ်ဖြုတ်ကြွေခဲ့ရပါတယ် မိုးစက်တွေ ကောင်းကင်ကြီးပေါ်က ကျဆင်းလာသလို ကို့ရဲ့အလွမ်းတွေကလည်း မိုးစက်တွေလိုမအေးပဲ မျက်လုံးတွေကနေအရည်ပူတွေ ကျဆင်းနေခဲ့တယ် မိုးနဲ့သီချင်းတွေကလွဲရင် ကို့ရဲ့ခံစားချက်တွေကို ဘယ်သူ့ကိုမှ ထုတ်မပြောတတ်ဘူး နှလုံးသားရဲ့ အနက်ရှိုင်းဆုံးကနေ နာကျင်တယ်ဆိုတာ ဘာဆေးနဲ့မှကုမရသလို ဘယ်သူနဲ့မှလည်း အစားထိုးကုသမရခဲ့ဘူး မင်းမကြိုက်တာတွေကို ရှောင်မိလာတယ် မင်းကြိုက်တာတွေကို ကိုမကြိုက်လဲလုပ်မိလာတယ် ဘယ်သူပြောပြောနားမ၀င်တော့ပေမယ့် မင်းရဲ့ဆူပူတဲ့စကားလေးတွေကိုတော့ အမြဲကြားနေမိတာအမှန် အိမ်မက်ထဲမှာဆုံတွေ့ရင်ပျော်နေတာ ဘာလို့များ နိုးလာရင်မျက်ရည်ပူတွေဆင်းနေရတာလဲ လမ်းခွဲခဲ့တည်းကSMSလေးတစ်ခုတောင် မပို့ခဲ့တဲ့လူ ချောင်းတောင်မဆိုးဘူးလို့ ပြောခဲ့တဲ့ကိုက