"ငါ့ကို ပြောတာလေ...မှတ်မိလား...ငှက်ပျောတုံး ဖက်သေရမှာဆို...ငှက်ပျောပင် စိုက်ထားတယ်...ဝေးဝေးမှာသာနေ....အခုမှ ပုတာလေး က ကလေးလိုပဲဟလား..နင်ပြောတုန်းက လူစင်မမှီတဲ့ ပေမမှီ ထောက်မမှီ အရပ်ဆို....ဟွန့်...မိန်းမ တကာ ကို သုံးလာတဲ့ ယောက်ျားမာယာတွေ ...မသိရင် ခက်မယ်.." အချစ်ဆိုတာ ဘာမှန်း မသိခဲ့ဖူးတဲ့ ငါ့အတွက် ပထမဆုံး ရင်ခုန်ရခြင်းက မာယာတွေကြောင့် ဖြစ်နေမှာ အကြောက်ဆုံးပဲ...။ ▭▭▭▭▭▭▭▭▭▭▭▭▭▭▭ "ဟုတ်တယ်လေ...မာယာပဲ...ဒါပေမဲ့...ခုက အချစ်ကြောင့် ထုတ်သုံးရတဲ့ မာယာဖြူဖြူလေးတွေပါဗျာ...ချစ်လွန်းလို့ ဆုံးရှုံးမခံနိုင်လို့...မဖြစ်မနေ သုံးရတဲ့ မာယာ အဖြူထည်လေးတွေ..သိရဲ့လား.." အနုအရွ အငုံအဖူးလေးတွေကိုတောင် နှလုံးသားထဲ ထည့်မတွေးတက်တဲ့ ကျွန်တော်က ခင်ဗျားနဲ့ကျမှ ဘယ်လို အချစ်ဆေးမိသွားတယ် မသိပါဘူးဗျာ..။ ▭▭▭▭▭▭▭▭▭▭▭▭▭▭▭