This novel is not mine. I'm just a humble translator. Unicode ပြန်မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ဝတ္ထုထဲက ဇာတ်လိုက်မင်းသားရဲ့ မွေးစားအဖေဖြစ်သူ တင့်ရှဲ့ဟန်ဟာ တ-ရွှမ်မင်းဆက်မှာ နာမည်ကျော်လူပျိုကြီးတစ်ယောက်ဖြစ်တယ်။ စစ်နတ်ဘုရားလို့လည်း ဂုဏ်ပုဒ်ကြီးတဲ့ တင့်ရှဲ့ဟန်ဟာ အမျိုးသမီးတွေအတွက် အဆိပ်ရှိတဲ့ ဥစ္စာပေါရုပ်ချောခင်ပွန်းလောင်းလည်း ဖြစ်နေပါသေးတယ်။ သူ့ကို တသက်လုံး လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရတော့မယ်လို့ အများက တစ်ထစ်ချယုံကြည်ထားကြပေမယ့် မြို့တော်မှာ ကောလဟလတစ်ခု ပြန့်လာခဲ့တယ်။ အဲ့ကောလဟလက တင့်ရှဲ့ဟန်ရဲ့ အရိုက်အရာဆက်ခံမယ့် မွေးစားသားဖြစ်သူနဲ့ စေ့စပ်ထားတာပျက်သွားတဲ့ ကျန်းနင်ဘောင်အမည်ရ ချန်နင်အိမ်တော်ရဲ့ စတုတ္ထမြောက်သခင်မလေးဟာ သူမ အရင်သတို့သားလောင်းရဲ့အမေဖြစ်ချင်နေတယ်ဆိုတာပါပဲ။