"ကျွန်တော် အခုချိန်မှာ ဘာတွေကိုသတိရမိလဲလို့မေးရင် စိန်ပန်းပြာတွေလို့ဖြေရမှာပ ဲ ။ကျွန်တော်တို့မြို့ရဲ့ နွေရာသီမှာပွင့်တဲ့ စိန်ပန်းပြာတွေ သိပ်လှတယ်။ စိန်ပန်းပြာပင်အောက်က ကောင်မလေးကလည်း သိပ်လှတယ်"
"ဒါဆို ဘာလို့သူ့ကိုအဆက်အသွယ်မလုပ်တာလဲ"
"နေ့ရှိသရွေ့ သူကျွန်တော့်ကိုစိတ်ပူနေရမှာမျိုးမလိုလားဘူးလေ။ သေမယ် ရှင်မယ် သေချာတဲ့ဘဝမှမဟုတ်တာ။ အချိန်တွေကြာသွားလို့ ကျွန်တော့်ကို တဖြည်းဖြည်းမေ့နိုင်သွားတာ သူ့အတွက် ပိုမကောင်းဘူးလား။ သေချာတာကတော့ဗျာ...ဒါကြီးပြီးသွားရင်တော့ ကျွန်တော် သူ့ကိုသွားရှာဖြစ်မှာပါ။ အဲ့မတိုင်ခင် သေသွားတော့လည်း ကံပေါ့ဗျာ "Seluruh Hak Cipta Dilindungi Undang-Undang