လေးနှစ်တာခင်လာခဲ့သည့် သူငယ်ချင်းသက်တမ်းမှ ကိုယ်ပိုင်အလုပ်အကိုင် အတည်တကျ ဖြစ်သည့်အချိန်ထိတိုင် တွဲလက်မြဲလာခဲ့သည့်... "လင်းစစ်သွေးနှင့်ဆောင်းဟန်နီ" သူငယ်ချင်းသံယောဇဉ်ကို အရင်းတည်ပြီး ဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာတစ်ခု။လင်းစစ်သွေး အပေါ် အမြဲတမ်း အချစ်ပိုဂရုတစိုက်ရှိသည့် ဆောင်းဟန်နီ... မမျှော်လင့်ဘဲ လင်းစစ်သွေးကို ထာဝရနှုတ်ဆက်ခဲ့လေတော့... "အကယ်၍များ.. နင့်ထက်အရင်၊ငါထွက်သွားခဲ့ရင်... ဒီပန်းချီကားကိုလွှင့်ပစ်လိုက်နော်၊ဒီပန်းချီကားကိုကြည့်ပြီး နင်ဆွေးမြေ့နေမှာ ငါမကြည့်ရက်ဘူး"(ဆောင်းဟန်နီ) "ဟန်နီက... ကျွန်တော့်ကို၊အချစ်ဆိုတာဘာလည်း ပထမဆုံးသင်ပေးခဲ့တဲ့သူ။သူမနှုတ်ခမ်းက ချစ်တယ်လို့ခဏခဏမပြောပေမယ့် သူမကျွန်တော့်ကို သူမအသက်ထက်တောင်ပိုချစ်မှန်း ကျွန်တော်ခံစားမိနေရတယ်"(လင်းစစ်သွေး)Public Domain
1 part