ရွှေနန်းဘုံ ဆိုသော ဆရာဝန်မလေးကို မြင်မြင်ချင်းချစ်မိသွားသော မိုးထိဝဠာ။ မိခင်ဖြစ်သူကိုပြောပြီး စေ့စပ်ကြောင်းလမ်းဖို့အထိဖြစ်ခဲ့ပေမယ့် ရွှေနန်းဘုံ နှင့် တွေ့ခွင့်မရခဲ့ပါ။ ထို့အပြင် မိုးထိဝဠာတွင် မိုးထိမဟာ ဟုခေါ်သည့် အစ်ကိုတစ်ယောက်လည်းရှိသည်။ မိုးထိမဟာမှာက သစ္စာဖြူ ဆိုသောဇနီးသည်တစ်ယောက်ရှိသည်။ ဆင်းရဲသော သစ္စာဖြူကို ချွေးမအဖြစ်မသတ်မှတ်နိုင်သော မိခင်ဖြစ်သူကြောင့်မိုးထိမဟာက သစ္စာဖြူကို ခိုးပြေးခဲ့သည်။ တစ်နှစ်တိတိ မိခင်ဖြစ်သူ၏ အာဏာစက်အောက်မှ ပုန်းအောင်းရင်းက သစ္စာဖြူတွင် မိုးထိမဟာ၏ရင်သွေးလေးကိုလွယ်ထားရချိန်မှာ မိခင်နေမကောင်းဖြစ်နေ၍ ညီဖြစ်သူပြန်လာခေါ်ချိန်မှာတော့ မိုးထိမဟာ တစ်ယောက်ပြန်လာခဲ့လိုက်ရသည်။ အိမ်ကိုရောက်တော့ လိမ်လည်၍ခေါ်မှန်းသိပေမယ့် ပြန်လာဖို့အခွင့်မရခဲ့။ ဒီလိုနဲ့ သစ္စာဖြူတစ်ယောက်လAll Rights Reserved
7 parts