၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )
64 parts Complete Mature"ကျွန်တော် အခုဘယ်ရောက်နေတာလဲ?"
ရေနံချေးဝနေတဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ မီးအိမ်က အလင်းတစ်ခုပဲ ဖြာကျနေတယ်။ရေဒီယိုလို့ ယူဆရတဲ့ လေးထောင့်ဆန်ဆန် အရာဝတ္ထုလေးထံက ပျံ့လွှင့်လာတာ က သူနဲ့ အတော်လေးမရင်းနှီးလှတဲ့ ၂ဝရာစုလောက်က မြန်မာသံစဉ်တွေ။
ဘေးအခန်းနံရံမှာ ကပ်ထားတဲ့ ပြက္ခဒိန်ကို အကြည့်ရောက်တော့ သူအံ့သြလွန်းလို့ အသက်ရှုဖို့တောင်မေ့လုလု။ တနင်္ဂနွေရုပ်ရှင်တွေထဲမှာ မြင်ဖူးတဲ့ မင်းသမီးကြီးခင်သန်းနုရဲ့ Young version ညို့အားပြင်း ဓါတ်ပုံက သူ့ကို တဒင်္ကာ ဆွံ့အစေတယ်။
"အခု ...အခု ဘယ်နှခုနှစ်လဲ?"
"အို လူလေးမမှတ်မိတော့ဖူးလား?ဒီနေ့က တန်ဆောင်မုန်းလပြည့်ကျော် ၁ရက် ၁၃၃ရလေ "
"ခင်ဗျာ"
ရွှေဘီးဆံပတ်နဲ့ ရှေ့က ဘွားတော်ကိုကြည့်ပီး သူ့ခေါင်းတွေ ချာချာလည်သွားသလိုပင်။
ဘာလဲ..
ငါအခု ဝတ္ထုတွေထဲကလို လွန်ခဲ့တဲ့ အနှစ်၄ဝကျော်မှာ ပြန်လည်မွေးဖွားလာခဲ့တာလာ