2015ခုနှစ်ဝန်းကျင် သူမ။ မင်းသမီးရှုံးအောင်မလှပေမယ့်သူမနဲ့မျက်လုံးချင်းဆုံမိတဲ့ယောင်္ကျားလေးတိုင်းက သူမဆီကနေအကြည့်လွှဲဖို့မေ့နေတတ်တယ်။ သူမဘက်က တကူးတကလုပ်ယူစရာမလိုပဲ ကောင်လေးတော်တော်များများကသူမကိုနှစ်သက်တတ်ကြတယ်။ သူမကို ဘယ်ကောင်လေးကစိတ်ဝင်စားနေတယ်ဆိုတာကိုလည်း မျက်လုံးလေးဒေါင့်ကပ်ပြီးဝေ့ဝဲကြည့်လိုက်တာနဲ့ သူမကသိပြီးသား။ ဒီအကြောင်းတွေက သူမရဲ့ ပါရမီလား၊ ဆွဲဆောင်မှုတွေပဲလားတော့မသိဘူး။ သူမကိုမြင်တာနဲ့ ချက်ချင်းသတိထားမိနိုင်တာကတော့ အရမ်းကြီးလှမနေပဲ အလိုလိုနှစ်လိုဖွယ်ကောင်းနေတဲ့သူမရဲ့မျက်လုံးတွေရယ်၊ သူမရဲ့ညာဖက်ပါးပြင်ပေါ်က မှဲ့လေးရယ်။ အဲ့အချိန်တုန်းက သူမအသက် 16မပြည့်တပြည့်၊ ဆယ်တန်းအောင်ပြီးခါစ သူမရဲ့အလှကြောင့်ရွယ်တူမိန်းကလေး၊ယောင်္ကျားလေးတွေကြားမှာသတင်းထွက်နေတဲ့အချိန်ပေါ့။ သူမက ရည်းစားမျာAll Rights Reserved