"ရှောင်ဆန်းကော်" သူက အောက်ဘက်မှာ မြင်နေရသော တောင်တန်းအသွယ်သွယ်နှင့် မြစ်ပြင်ကျယ်ကို လက်ညိုးထိုးပြလိုက်သည်။ "နောင်ဆိုရင် ဒီဟာတွေအ ကုန် ကိုယ့်အပိုင်ပဲ" "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အကုန် ရှင့်အပိုင်တွေပဲ" သူမ မျက်ဝန်းများ မှေးမှိတ်သွားသည်အထိ ပြုံးရင်း သူ့မျက်နှာဘေးခြမ်းကိုကြည့်ကာ ပြောလိုက်သည်။ "ရှင်ကတော့ ကျွန်မ အပိုင်"(CC) Attrib. NonComm. ShareAlike