"သမီးလေးရယ်၊ ဒီစွတ်ပြုတ်ကို သောက်လိုက်ပါတော့။ အရာအားလုံးကိုလည်း မေ့ပစ်လိုက်ပါ။ သမီးရဲ့နောက်ဘဝက နာကျင်မှုတွေရော ခိုင်မြဲတဲ့ဆုံးဖြတ်ချက်တွေရော မပါအောင်လို့ပေါ့။" "ဒါပေမယ့် ကျွန်မရဲ့ နှလုံးသားထဲက အဲ့ဒီလူကိုရော ဘယ်လိုလုပ်ရပါ့မလဲ" အဘွားမုန့်က ခပ်ဖျော့ဖျော့ပြုံးတယ်။ "ဒီတံတားအောက်က ရေတွေကို သမီးတွေ့ရဲ့လား။" "တွေ့တယ် အဘွား။" "ကျောက်တုံးတွေကိုရော တွေ့ရဲ့လား။ " ငါ မျက်မှောင်ကြုတ်လိုက်တယ်။ "ကျောက်တုံး?" အဘွားမုန့်က ခေါင်းငြိမ့်ပြီး ပြောတယ်။ "အဲ့ကို ဆင်းသွားပြီး ကျောက်တုံးကြီးတစ်တုံး ဖြစ်လာအောင်လုပ်ပါ။ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ အပြောင်းအလဲကြီးကြီးမားမားတွေကို ခုနစ်ဘဝတိုင်အောင် စောင့်ကြည့်နေပေါ့။ အနှစ်ခုနစ်ရာ ကြာပြီးလို့ သမီးလူဝင်စားမယ်ဆိုရင် ဒီမှတ်ဉာဏ်တွေနဲ့အတူ သူ့ကို လိုက်ရှာနိုင်ပါလိမ့်မယ်.." Both Unicode and Zawgyi.All Rights Reserved