သူနဲ့ကျတော့်ကြားမှာ ဆက်နွှယ်မှုတစ်ခု ရှိတယ် ထင်တယ်။ သူ ကျတော့်ကို ပထမဆုံး စကားလာပြောခဲ့တဲ့အချိန်၊ သူသုံးခဲ့တဲ့နာမ်စားကအစ၊ ကျတော်လျှို့ဝှက်ထားချင်ခဲ့တဲ့ ကျတော့်ရဲ့ ကွဲထွက်နေတဲ့ စိတ်အခြေအနေထိ အားလုံးက တိုက်ဆိုင်စွာပဲ ရောက်ရောက်လာတတ်တယ်။ ကျတော့်ဘက်က ပေးပါ ဆိုပြီး မတောင်းဆိုရပဲနဲ့ အလိုလိုရလာတတ်တဲ့ နားလည်မှုတွေရဲ့ နောက်မှာ တစ်စုံတစ်ခုတော့ ပါလာပြီထင်တယ်။ ဂျစ်ကန်ကန်နဲ့ နားလည်ရခက်တဲ့ ကျတော့်ရင်ထဲက ဒဏ်ရာတွေကို ကျတော်ကိုယ်တိုင် သူ့ကိုပြောပြမိတဲ့အထိ ရင်းနှီးသွားမိတဲ့အခြေအနေ။ ကျတော့်စိတ်က တောင့်တလိုက်ရင် ကျတော့်ဆီ ပေါ်လာတတ်တာတွေက တိုက်ဆိုင်မှုသက်သက်မဟုတ်ဘူးဆိုတာ အလိုလိုသိနေတယ်။ ကျတော်ဖြစ်စေချင်တာတွေကရော သူ့ဆီမှာဘယ်လိုအကြောင်းပြချက်မျိုးနဲ့ရှိနေရတာလဲတော့ မပြောတတ်ဘူး။ သေချာတာတစ်ခုကတော့ ကျတော်နဲAll Rights Reserved