ကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မှာမို့လို့ ငြင်းခွင့်တော့မရှိဘူးနော် ကိုယ့်ကိုရင်ခုန်အောင်လုပ်ခဲ့တဲ့အတွက် မင်းလေးကကိုယ့်အပိုင်ပဲဖြစ်ရမယ် (ခွန်ဇိုင်းဧကရာဇ်) အမြဲတမ်းကျွန်တော့်ကိုဆိုအကောင်းမပြောတဲ့ခင်ဗျားကြီးက ကျွန်တော့်ကိုချစ်တယ်တဲ့လား ခင်ဗျားကြီးရူးနေလို့ပြောတယ်ပဲသတ်မှတ်ထားတယ် ရည်းစားစကားပြောပြီးငြင်းခွင့်မပေးတဲ့လူကကမ္ဘာပေါ်မှာခင်ဗျားတစ်ယောက်တည်းပဲရှိလိမ့်မယ် ကျွန်တော်ကခင်ဗျားအပိုင်တဲ့လား ဆုတောင်းလေ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး (မြူဆောင်းငယ်) Uni+Zawgyi 7.12.2021
38 parts