"စိန်ပန်းနီနီတွေကို တွေ့ရင်---လူတွေက နွေရာသီကိုသတိရတယ်တဲ့ ဒါပေမဲ့ ကိုယ်တော်ကတော့ စိန်ပန်းနီနီကို တွေ့တိုင်း မင်းကိုပဲ သတိရတယ် သူရကျော်စွာ---။" သူရကျော်စွာ(ရှိန်း) တကယ်ဆို ချစ်ရသူကို တစ်ဦးတည်း ပိုင်ဆိုင်ချင်ရုံလေးပါပဲ။ ထိုအရာက ခက်ခဲနေလွန်းသည်လား။ နာနာကျင်ကျင် အဆုံးသတ်ဆိုတာက ဘယ်လိုမျိုးများပါလဲ။ ကိုယ်ကိုယ့်ကိုယ်လည်း အနည်းငယ်တော့ ဒေါသထွက်မိသည်။ ရန်သူစစ်သည် ထောင်ဂဏန်းကိုပင် မကြောက်ခဲ့သော သူလို စစ်သူကြီးက၊ အရှင့် စကားကြောင့် မျက်ရည်တောက်တောက် ကျရတယ်တဲ့လား။ ကာင်္သကာမြို့အရှင်(ချမ်းမင်း) "ကြည့်ထား သူရကျော်စွာ---မင်းကောင်းကင်က ကြယ်ကို လိုချင်ခဲ့ရင်တောင် ငါမရ ရအောင် ယူပေးမှာ--ငါဆီက ထွက်ပြေးဖို့ ဆိုရင်တော့ မင်းကို နာနာကျင်ကျင်နဲ့ကို---အဆုံးသတ်ပေးမှာ---။"
12 parts