မိုးကုပ်စက်ဝိုင်းအလွန်မှ သိန်းသန်းချီသောငှက်များကို ဖီးနစ်ငှက်တကောင် ဉီးဆောင်လာခဲ့သည်။ ချန်အန်းတခွင်မှာ မီးပင်လယ်ပြင်လို ဟိန်းဟိန်းတောက်နေတဲ့ တိမ်စိုင်တွေဖုံးလွှမ်းနေတဲ့ ကောင်းကင်ကြီးကိုကျောခိုင်းရင် ပျံသန်းလာသည်။ လီကျင်းလုံတယောက် ဒဏ်ရာဗလပွနဲ့ တရွတ်ဆွဲလမ်းလျောက်လာရင်း ဟုန်ကျွင်းအနား ရောက်တဲ့အခါ လက်ဖဝါးကနေ တောက်ပတဲ့ အလင်းတန်းများ ထွက်လာတယ်။ "သက်ရှိတွေ...အားလုံးဟာ...တခဏတာ ခရီးသည်တွေပါ.." ဩရှရှအသံဖြင့် ဆက်ပြောလိုက်သည်မှာ "ကွယ်လွန်သွားသူ တွေကတော့... ထာဝရအိမ်ကိုပြန်ရတယ်" "ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေဆိုတာ တခဏတာတည်းခိုရာ...သောကတွေအားလုံး.သေချာပေါက်.တနေ့မှာတော့...ဖုန်မှုန်လေးတွေပြန်ဖြစ်သွားတာကြောင့်ပါ.."All Rights Reserved