" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျွန်မကို အရာရာမတူဆန့်ကျင်နေသော သူနဲ့ ဆုံတွေ့ခွင့်ပေးတဲ့ ဖူးစာရှင်ကို တကယ်စိတ်ဆိုးတယ်။ "မိုးည" လောကမှာ give & take ပဲရှိတယ်။ဘယ်အရာမှ အလကားမရသလို ဘယ်အရာမဆို လက်တွေ့ပြမှယုံတတ်တဲ့ကျွန်တော်။လူတွေနဲ့ဆက်ဆံရင်လဲ ခပ်ပြတ်ပြတ်နဲ့ဆက်ဆံတယ်။ ကျွန်တော့ ဘဝမှာ အားနာတယ်ဆိုတာမရှိသလို ဘယ်သူ့ကိုမှလဲ ဂရုမစိုက်တတ်ဖူး။ဒီလိုပဲ မိန်းခလေးတွေကိုလဲ ညှာတာစွာမဆက်ဆံတတ်သလို နိုင်ထက်စီးနင်းလဲမလုပ်တတ်ဖူး။ ကျွန်တော်ချစ်တဲ့ ချစ်သူကိုလဲ ကျွန်တော် လိုချင်သလို ပုံသွင်းပြုပြင်ချင်တာ ကျွန်တော