
ဖြစ်ပြီးသမျှတွေကို ပြန်တွေးကြည့်တဲ့အခါ အရာရာဟာ ပုံပြင်လိုပဲ။ပုံပြင်ဆိုတာကို လူတွေ ကြိုက်နှစ်သက်အောင် တမင်ဖန်တီးပြုလုပ်ထားတဲ့ အရာတစ်ခုလို့ ကျွန်တော်မြင်တယ်ဗျ။ ဒါပေမယ့် ကျွန်တော့်ပုံပြင်တွေဟာ ပုံပြင်လို့ ခေါ်လို့ရလောက်အောင် အင်္ဂါအစိတ်အပိုင်းတွေ ပြည့်စုံနေပေမယ့် တမင်ဖန်တီးထားတာ မဟုတ်တဲ့အတွက် ပုံပြင်လို့ ခေါ်ဖို့အဆင်မပြေတဲ့ ပုံပြင်တွေပေါ့ဗျာ။ဒီလိုပဲ မှတ်လိုက်ကြပါစို့။ ဒါနဲ့ စကား မစပ် ကျွန်တော့်ရဲ့ ပုံပြင်တွေ စုထည့်ထားတဲ့ ဒဏ္ဍာရီဆန်ဆန် စက္ကူဘူးလေး တစ်ဘူး ကျွန်တော့်အိပ်ရာ ကုတင်အောက်မှာ တည်ရှိပါတယ်။ လင်းသန့်Todos los derechos reservados