" ငါနင့်ကို အဲ့ဒါတွေမကြိုက်တာပဲ..ဘယ်တော့မဆိုပေါ့တန်လွန်းတယ်..ဘာတစ်ခုမှလေးလေးနက်နက်မရှိဘူး..တစ်ခုခုဆိုရှောင်ပြေးတတ်ဖို့ပဲသိတယ်..ဒီအသက်ရွယ်ပဲရောက်နေပြီ မတွေးခေါ်တတ်သေးဘူး..အဲ့လိုပုံစံပဲကြပ်ကြပ်လုပ် ဘယ်တော့မှရှေ့မရောက်ဘူး သူများနောက်ပဲနင်လိုက်နေရမယ် " " သူများနောက်လိုက်ရတော့ကောင်းတာပေါ့ဟဲ့..ကိုယ်ဦးဆောင်ရင်တာဝန်ယူတာတွေ ခေါင်းခံရတာတွေလုပ်နေရအုံးမှာ..ငါအဲ့လိုကြီးမဖြစ်ချင်ပါဘူး.. လိုလည်းမလိုချင်ဘူး..လိုချင်တဲ့နင်သာမြင့်မြင့်တက် နင်ငါ့ကိုပြန်ငဲ့ကြည့်မနေနဲ့..နင်ငါ့ကိုမမြင်ရရင်လည်းဘာမှမဖြစ်ဘူး ငါမြင်နေရရင်ပြီးရော " " နင့်ကိုငါဆွဲခေါ်နေတာ..နင့်ကိုငါနဲ့အတူအမြင့်တက်ဖို့တွဲခေါ်သွားချင်တာ.. ငါကြိုးစားနေခဲ့တာ" " ငါမှမကြိုးစားချင်တာ နိုင်နိုင်ရဲ့..ကိုယ့်ဘာသာကိုယ်သာလွတ်လွတ်ကျွတ်ကျွတ် သွားလိုက်စမ်းပါ..နင်ကတော်ပြီးသ