ကိုယ်က မင်းကို ပိုင်ပြီ ထင်ခဲ့တာ။ မင်းဟာ ကိုယ့်အတွက်ပဲလို့ တစ်ထစ်ချယုံကြည်စောလွန်းခဲ့တယ်။ မင်းကို ဒီနေရာကလေးမှာပဲ ရပ်ပြီး စောင့်နေဆဲပါပဲ။ချစ်ခွင့်ရှိသမျှ နေ့ရက်တိုင်းအတွက် နှလုံးခုန်နေတဲ့ စည်ချက်အတိုင်း မင်းကိုဆက်ချစ်နေမယ်။(ရိမ်) ငါ နင့်ကို ချစ်တယ် ။ မောင့်အချစ်တွေကိုလည်း ငါမြင်တယ်။ တစ်ဖက်သတ်အချစ်ရဲ့ နာကျင်မှုကို ငါကိုယ်တိုင် ခံစားခဲ့ပြီးပြီမို့ မောင်ဟာ ဒုတိယငါ အဖြစ်မခံစေချင်ပါဘူး။ ငါ့နှလုံးသားကို နင်ပိုင်တယ် သို့ပေမယ့် ငါ့ရဲ့ အရာအားလုံးကို မောင့်ဆီပဲ ပုံအပ်လိုက်ပါရစေ။ (ဆွေး) ဆွေးရဲ့အချစ်ဟာ အဲ့ဒီကောင်အတွက်ဆိုတာ သိရက်နဲ့ မောင် ဆွေးကို လက်မလွှတ်နိုင်ဘူး ။ မောင်သိပ်ဆိုးတယ်နော် ။ (ဓန)All Rights Reserved