29 Bölüm Tamamlanmış Hikaye လင်း မိန်းမရလည်း ထားခဲ့မှာပဲ.."
"လုပ်ပြန်ပြီ..."
လူကို ကျောပေးပြီး ထပ်ပြောနေပြန်သေးသည်။
ကိုယ့်မှာ ရည်းစားချောချောလေး ရှိတယ်ဆိုတာကို ဒင်းက လက်ခံပေးချင်ပုံမပေါ်ပါဘူး..။
"ကိုလင်း က အရုပ်ဆိုးတာ...ချောချောလေးက ထားပြီး အသစ်ယူသွားမှ ကိုလင်း မုဆိုးထီးကြီး ဖြစ်မှာပဲ.."
"မဦးမချွတ်ကွာ...မုဆိုးထီး မဟုတ်ဘူး..မုဆိုးဖိုလို့ ခေါ်တယ်ကွ.."
'အဲဒါကြီး ဖြစ်မှာ...'
"အေး...စားရင်း စော်ကားတော့ ကောင်းတာပေါ့...ဘေးတွေ့လိမ့်မယ်..."
"အစစ်ပြောတာ..."
လင်းေ၀ ခေါင်းရမ်းပြီး ခေါင်းကို တွန်းပစ်ခဲ့ကာ ရေခွက်ထဲကို ရေထပ်ဖြည့်ပေးလိုက်ရသည်။
•❅───✧❅✦❅✧───❅•
"ဦးလေးကြီးက သူ့ကောင်လေးကို အရမ်းချစ်တာ...သူ့ကောင်လေးက သူ့ထက် ဆယ့်ငါးနှစ်ငယ်တယ်...ကိုလင်းနဲ့ စိုင်းလို..."
"မင်းက ဘယ်လောက်လဲ..."
"နှစ့်လေး..."
"........"
လင်းေ၀ ဘာမှ မပြောပဲ တစ်ချက်ကြည့်လိုက်တော့ လျှာထုတ်ပြီး လက်သုံးချောင်း