73 Partes Concluida ကျွန်တော်၏အသက်နှင့်ခန္ဓာအား ဤရွာအတွက်အပ်နှင်းပါသည်။ ကျွန်တော့်ပခုံးထက်သို့ လွှဲပြောင်းယူခဲ့သော တာ၀န်နှင့်၀တ္တရားတို့အတိုင်း ဤရွာ၏ကောင်းကျိုးကိုရှေးရှု၍ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဦးလည်မသုဥ် ကျေပွန်စွာ ထမ်းရွက်သွားပါမည်။ ဤကျမ်းသစ္စာကို ကျွန်တော်တာ၀န်ထမ်းဆောင်နေသမျှ ကာလတစ်လျှောက်လုံး တည်မြဲစေရမည်ဖြစ်၍ ဤသစ္စာဖောက်ပြားခဲ့ပါက ဘ၀သံသရာဆက်တိုင်း ဆင်းရဲဒုက္ခအတိပြီး၍ အပယ်ငရဲ၌သာကျင်လည်ရပါစေ..ဤကတိသစ္စာတည်မြဲမှန်ကန်ခဲ့ပါလျှင် ကျွန်တော့်ရွာ ကျွန်တော့်မြေသည် ကျွန်တော့်လက်ထက်၌ တိုးတက်စည်ပင်ဖွံ့ဖြိုး၍ တရားမျှတမှုဖြင့် စည်းလုံးသာယာအေးချမ်းပါစေသတည်း..'
'မြတ်သောလူ'