သခင်မလေးကို စတွေ့တုန်းက ချစ်စရာကောင်းလွန်းလို့ မစပဲ မနေနိုင်ခဲ့ဘူး။ အထူးသဖြင့် သူ့ဖြစ်တည်မှုက ကျွန်မအတွက် သိပ်လှပခဲ့တယ်။ ကျွန်မသာ ယောက်ျားလေးဆို ဒီအမျိုးသမီးကို လက်ထပ်မှာပဲ ဆိုတာထက် ယခုလက်ရိှပဲ သူ့ကို ပေးဆပ်ချင်မိတာမျိုးပေါ့။ ••• မြူ့ကို စ တွေ့တုန်းက ကျွန်မတွေးမိတာက ဒီမိန်းကလေးက အစအနောက်သန်လွန်းတာပဲ။ ကျွန်မသာ အမျိုးသားတစ်ယောက်ဆို သူမလို မိန်းကလေးမျိုးကို ပေါင်းသင်းမှာ မဟုတ်ဘူး ဆိုပြီး သေချာပေါက်တွေးမိတာပါပဲ။ ••• "နောင်ဘဝဆိုတာများ ရိှခဲ့ရင် သခင်မလေး ချစ်တဲ့ ပန်းချီကားတွေဖြစ်ချင်တယ်" "ဒီကလည်း မြူချစ်တဲ့ မိုးဖွဲလေးတွေ ဖြစ်ချင်ပါတယ်နော်" _____________________________All Rights Reserved