"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို့ရတယ်.." "တနေ့နေ့တော့ ချစ်၍ လာလိမ့်မည်ပေါ့...အဲလိုလား..." "ဟုတ်မှာပေါ့..." ကြွားစရာ အားသာတာဆိုလို့ချစ်တက်တာလေး တစ်ခုတည်းရယ်ပါလေ..။ အချစ်ခံရတာ...ခုလို ကျတော့လည်း ကျေနပ်စရာလိုလို..။ ✩。:*•.───── ♥♥─────.•*:。✩ "နင်ကလည်း....ဘာလို့ငိုပြန်တာလဲ.." "ပျော်လို့..." "လင်ရလို့ ပျော်ပြနေတာ ငါတို့က သေပေးရမှာလား..." မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုကိုတောင် မေ့ထားပြီး ဖွင့်ပြောခဲ့ပြီးပြီမို့ သနားလောက်ပါရဲ့ဆိုတဲ့ မျှော်လင့်ချက်လေးဖြင့် အားကိုးတကြီး သွားခဲ့မိသည်။ ချစ်တယ်လို့ ပြောလိုက်တဲ့ ကောင်မလေးကို ကျတော့ သံယောဇဉ်တောင် မရှိဘူးလို့ တစ်ခါတည်း ငြင်းခဲ့သေးသည်။ ✩。:*•.───── ♥♥─────.•*:。✩ Cover Photo Credit Anime ရုပ်ရှင