ပထမဉီးဆုံးအကြိမ် ရှိုက်ကြီးတငင်ငိုကြွေးမိတာက ထိုက်ရဲ့ပခုံးပေါ်မှာပဲမို့ လင်းမိုရ်ရဲ့ ပထမဉီးဆုံး အကြိမ်တော်တော်များများကို ထိုက်အတွက် ပေးလိုက်ရတာ လင်းမိုရ် မငြိုညင်မိပါ။ နှလုံးသားက လာတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တာမို့ .. မငြိုညင်မိပါ။ ပထမဉီးဆုံးအကြိမ် ငိုကြွေးရခြင်းက ထိုက်အတွက်ပဲဖြစ်သလို နောက်ထပ် ငိုကြွေးရဖို့ ရှိလာခဲ့တယ်ဆိုရင်လည်း ထိုက်ကြောင့်ပဲ ဖြစ်ပါလိမ့်အုံးမည်။ ဒါကိုလည်း လင်းမိုရ် ကြိုတင်လက်ခံထားမိတော့သည်။ "လင်းဝရမိုရ်" "ခံစားကြည့်ပါမိုရ်။ ကျွန်တော့်နှလုံးခုန်သံကတောင် ခင်ဗျားနာမည်ကိုပဲ ရေရွတ်နေတာ။ အဲ့လောက်ချစ်ရပါတယ်ဗျာ။ ကျွန်တော ့်ကို လက်ထပ်ပါနော်" မင်းကုေဋထိုက်All Rights Reserved