သို့/ ကိုယ့်ရဲ့ လှပတဲ့နွယ်သာကီလေး သိပ်ကို ရစ်မူးဖွယ်ကောင်းအောင် လှပသလို သိပ်ကို အဆိပ်ပြင်းတဲ့ နွယ်သာကီလေး... မင်းဟာ ကိုယ်အသက်ရှင်ဖို့ ဆေးဖြစ်သလို မင်းဟာ ကိုယ့်ကိုသတ်မယ့် အဆိပ်တစ်ခွက်... ကိုယ့်ရဲ့ အနီရောင် နွယ်သာကီလေး... ကိုယ့်အပေါ်ထားတဲ့ မင်းရဲ့အမုန်းတရားတွေက မင်းကို တဖြည်းဖြည်း အဆိပ်ပြင်းစေခဲ့တာလား... သိပ်ချစ်ရတဲ့ နွယ်သာကီလေး... မင်း ကိုယ့်အတွက် ဖော်စပ်နေခဲ့တာ သိပ်ကိုချိုမြိန်တဲ့ အဆိပ်တစ်ခွက်လား... ~မဟူရာနီစံအိမ်အရှင်သခင်မှ
8 parts